Sunday, July 3, 2016

18+ cartoon download Here
ဆီးချို၊သွေးချို (Diabetes)
ဆီးချိုဟု ခေါ်ဆိုကြသော်လည်း သွေးထဲတွင် အချိုဓါတ်များ ခြင်း ဖြစ်ပါသည်။ သွေးထဲက နေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်း သိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်း နာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီ ဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
• ရေငတ်ခြင်း၊ အာခြောက်ခြင်း
• ဆီးသွားများခြင်း
• ညဘက်ဆီးခဏခဏ ထသွားရခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း
• သိသာစွာ ကိုယ်အလေးချိန်ကျသွားခြင်း
• အမြင်အာရုံမကောင်းတော့ခြင်း၊ေ၀၀ါးလာခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း
• ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း
• စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း
ဆီးချိုကို ဘယ်လိုစစ်ဆေးမလဲ K
သကြားဓါတ် စစ်ဆေးခြင်း
သွေးတွင်း သကြားဓါတ်ကိုလည်း စစ်ဆေးရပါတယ်။ အောက်ပါ အချက်တွေ ရှိမယ်ဆိုရင် ဆီးချို ရှိမရှိ အတည်ပြုနိုင်ပါတယ်။
Fasting plasma glucose ≥ 7.0 mmol/L (126 mg/dL)
Random plasma glucose ≥ 11.1 mmol/L (200 mg/dL)
သတိပြုရန် အချက်က ဆီးချို ရှိမရှိ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အများအသုံးများတဲ့ လက်ထိပ်ကသွေးကို ဖောက်ပြီးမစစ်ရပါဘူး။ အကြောထဲက သွေးကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ လက်ထိပ်ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။ အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေက နည်းနည်း အမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေး ရပါသေးတယ်။
ဆီးချိုရောဂါ အမျိုးအစား
ဆီးချိုရောဂါမှာ Type I နဲ့ Type II ၂မျိုးရှိပါတယ်။ ကုသရပုံခြင်းက မတူလို့ပါ။ Type I က အသက်ငယ် သူတွေမှာဖြစ်ပြီး Type II က အသက်ကြီးတဲ့ သူတွေူမှာဖြစ်ပါတယ်။
ဆီးချို အမျိုးအစား Type 1 နဲ့ Type 2 ခွဲခြားပုံ
Type 1
- စဖြစ်တဲ့အသက် < 40 yrs
- ရောဂါလက္ခဏာပေါ်ချိန် Weeks
- ကိုယ်အလေးချိန် - Normal or low
- Ketonuria - Yes
- Rapid death without treatment with insulin - Yes
- Autoantibodies - Yes
- Diabetic complications at diagnosis - No
- ဆီးချိုမျိုးရိုး - Uncommon
- Other autoimmune disease - Common
Type 2
- စဖြစ်တဲ့အသက် > 50 yrs
- ရောဂါလက္ခဏာပေါ်ချိန် Months to years
- ကိုယ်အလေးချိန် Obese
- Ketonuria - No
- Rapid death without treatment with insulin - No
- Autoantibodies - No
- Diabetic complications at diagnosis - 25%
- ဆီးချိုမျိုးရိုး - Common
- Other autoimmune disease - Uncommon
ဆီးချိုရောဂါကို အမျိုးအစားခွဲခြားရာမှာ သိသာထင်ရှားတဲ့အချက်တွေကြောင့် ခွဲခြားရ လွယ်ပေမယ့် တချို့လက္ခဏာတွေကတော့ ၂မျိုးစလုံးမှဖြစ်တတ်လို့ ခွဲခြားရခက်ပါတယ်။ ဆီးချို အမျိုးအစားပာာ ခွဲလို့မရဖြစ်နေပြီး ကုသမှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီးမှသာ ခွဲခြားလို့ ရလာတတ်ပါတယ်။
ဆီးချို Type I ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြား ကိုယ့်ခန္ဒာကိုယ်ကို ပြန်တိုက်တဲ့ ရောဂါတွေနဲ့တွဲနေတတ်ပါတယ်။
ဆီးချို Type II ကတော့ အသက်ကြီးသူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။
ဆီးချို Type I ပာာ အင်ဆူလင်မထွက်လို့ အဓိက အင်ဆူလင်ကို လိုအပ်တဲ့ အမျိုးအစား ဖြစ်ပြီး Type II ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း ကျဆင်းလာတဲ့အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေပဲလိုအပ်ပါတယ်။
အင်ဆူလင်ဆိုတာ ခန္ဒာကိုယ်ထဲက ပုံမှန်အားဖြင့် သရက်ရွက်ကနေထွက်တဲ့ ပောာ်မုန်း တစ်မျိုးပါ။ အဲဒီ အင်ဆူလင်က ခန္ဒာကိုယ်က စားသုံးလိုက်တဲ့ သကြားဓါတ်ကို ဆဲလ်တွေက အကျိုးရှိရှိ သုံးစွဲနိုင်ဖို့အတွက် အကူအညီပေးရပါတယ်။ အဲဒီ အင်ဆူလင် မရှိရင်သော် လည်းကောင်း၊ အဲဒီအင်ဆူလင်ကို ခန္ဒာကိုယ်က တုံ့ပြန်နိုင်စွမ်းကျလာရင်သော်လည်းကောင်း ဆီးချိုဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဆီးချိုရောဂါကိုကုသရာမှာ သုံးမျိုးရှိပါတယ်။
ပထမအချက်ကတော့ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်ကို ပြင်ဆင်ရပါမယ်။
နောက်၂မျိုးကတော့ သောက်ဆေးနဲ့ ထိုးဆေးကုထုံးတွေပဲဖြစ်ပါတယ်။
ဒီမှာ တစ်ခု သိထားသင့်တာက ဆီးချို၊ သွေးတိုးရောဂါတွေပာာ ပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါမဆိုးဝါးအောင်၊ ပုံမှန်အတိုင်းပဲ ရှိနေအောင် ထိန်းထားလို့ပဲရပါတယ်။
Type I အမျိုးအစားတွေပာာ အင်ဆူလင်မထွက်တဲ့အတွက် အန္တရယ်ရှိပါတယ်။ အင်ဆူလင်ကို အသက်ရှင်ဖို့အတွက်လိုအပ်လို့ သောက်ဆေးနဲ့မရဘဲ ထိုးဆေးကို သုံးရပါတယ်။ ထိုးဆေးကို ထိုးရာမှာလည်း အသက်ရှင်နေသမျှ ကာလပတ်လုံး ထိုးနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Type I သမားတွေပာာ ဆီးချိုအထူးကုများနဲ့ ပြသပြီး ကုထုံးခံယူရပါတယ်။
Type II အမျိုးအစားလို့ထင်ပြီဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက နေထိုင်၊ စားသောက်မှု ပုံစံကို ပြောင်းလဲပစ်ရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ုလုပ်ခြင်း၊ အချိုရှောင်ခြင်း၊ ပာင်းသီးပာင်းရွက် နှင့် အသီးအနှံများ ပုံမှန်စားခြင်း၊ အရက်၊ ဆေးလိပ်ရှောင်ကျဉ်ခြင်းတို့ကို လုပ်ရပါတယ်။ ဒီလို အမျိုးအစားတွေမှာတော့ အဲလို နေထိုင်စားသောက်မှုပုံစံကို ပြောင်းပေးရင် ဆီးချိုကို ထိန်းထား နိုင်ပါတယ်။ အဲလိုမျိုး ပြောင်းလဲလို့မှ ဆီးချိုကို မထိန်းထားနိုင်ဘူးဆိုရင်တော့ သောက်ဆေး များကို မှီဝဲရပါတယ်။
ဆီးချိုရောဂါအတွက် ဆေးထိုးနေရသူတွေ ဆေးသောက်နေရသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို စစ်ဆေးခြင်းက အလွန်အရေးပါပါတယ်။ ဒီလိုဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို စစ်ဆေးရင်တော့ လက်ထိပ်ကသွေးကို ယူပြီး အများစစ်နေတဲ့ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးလို့ရပါပြီ။
၁။ အင်ဆူလင်ထိုးနေရတဲ့ သူတွေမှာတော့ သွေးတွင်းသကြားဓါတ်ကို နေ့တိုင်း စစ်သင့် ပါတယ်။ အဲလိုနေ့တိုင်းမှန်မှန် စစ်ပေးမှ လိုအပ်တဲ့ အင်ဆူလင်ပမာဏကို သိရှိနိုင် မှာဖြစ်ပါ တယ်။ အသင့်တော်ဆုံးကတော့ သွေးတွင်းသကြားဓါတ်ကို နေ့လည်စာမစားခင်တကြိမ်နဲ့၊ ညဘက် အိပ်ရာဝင်ခါနီးတစ်ကြိမ် စစ်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို 5-8mmol/L (90-144mg/dl) ကြားမှာ ရှိနေအောင်ထိန်းထားသင့်ပါတယ်။
၂။ သောက်ဆေး သောက်နေရတဲ့သူတွေ အတွက်ကတော့ လူနာ အဆင်ပြေသလို စစ်ဆေးလို့ ရပါတယ်။ နေထိုင်လို့ မကောင်းဘူး၊ ဆီးချိုတက်နေတယ်လို့ ထင်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အခြားရောဂါတွေဖြစ်နေတဲ့အချိန်၊ Steroid ဆေးများ သောက်သုံးနေ ရချိန်၊ ကုသမှု အပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ မှန်မှန် စစ်ဆေးပေးရပါမယ်။ ဖြစ်သင့်တာ ကတော့ တစ်နေ့ကို မနက်စာ မစားခင်တစ်ချိန်နဲ့ နေ့လည်စာစားပြီး ၂နာရီကြာတဲ့ အချိန်မှာ တစ်ကြိမ်စစ်ဆေး သင့်ပါတယ်။ နံနက်စာမစားခင်မှာ သွေးတွင်းသကြားဓါတ်ကို 4-7mmol/L (72-126mg/dl) နဲ့ နေ့လည်စာစားပြီး ၂နာရီအချိန်မှာတော့ 4-10mmol/L (72-180mg/dl) ကြားမှာရှိနေအောင် ထိန်းထား သင့်ပါတယ်။
အခုဆက်လက်ဖော်ပြမှာကတော့ ဆီးချိုဝေဒနာရှင်တွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ၊ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုတွေ၊ မှီဝဲရမယ့် ဆေးဝါးတွေအကြောင်းပဲ ဖြစ်ပါတယ်။
နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းပာာ Type I ရော Type II အတွက်ပါ သွေးတွင်း သကြား ဓါတ်ပုံမှန်ဖြစ်နေဖို့ အဓိကအကြောင်းအရင်းအနေနဲ့ပါဝင်နေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ခြင်း (ပုံမှန်အားဖြင့် တစ်နေ့ကို တစ်နာရီလောက် ကိုယ်လက် လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။)၊ အစားအသောက်ကို ရွေးချယ်စားသုံးခြင်း၊ ရှောင်ကျဉ်ခြင်း၊ အရက်သောက်သုံးမှုကို လျော့ချခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတို့က ဆီးချိုဝေဒနာရှင်တစ်ယောက်အနေနဲ့ ပြုလုပ်ရပါလိမ့်မယ်။
အစားအသောက်စားချိန်မှာ ဆီးချိုဝေဒနာရှင်တွေအတွက် Plate model လို့ခေါ်တဲ့ စားသောက်မှု ပုံစံတစ်ခုကို ရှင်းပြပါမယ်။
Plate model ဆိုတာ ပန်ကန်ပြား တစ်ချပ်နဲ့ နေ့လည်စာ၊ ညစာ စားသောက်တော့မယ်ဆိုရင် အဲဒီပန်ကန်ပြားရဲ့ ၅ပုံ၁ပုံကို အသား၊ငါး၊ ဥများကိုထားပါ။ ကျန်တဲ့ပန်ကန်ပြားရဲ့ တစ်ဝက်ကို ထမင်း၊ အာလူး၊ ပေါင်မုန့် တို့ကိုထားပါ။ ကျန်တဲ့တစ်ဝက်ကိုတော့ ပာင်းသီးပာင်းရွက်နဲ့ အသီးအနှံတို့ကို ထားရပါမယ်။ ဆီးချိုသမားတစ်ယောက်ပာာ အစားအသောက်စားတဲ့အခါမှာ အဲလိုမျိုးပုံစံမျိုးနဲ့ စားသုံးရပါမယ်။ ထို့ပြင် အဆီများသော အစားအစာများ၊ အငန်စာများ ကိုလျှော့စားရပါမယ်။ သကြားမပါတဲ့ အစားအသောက်များကို စားသုံးရပါမယ်။
ဆီးချိုဝေဒနာရှင်တွေအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းကလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထားနိုင်ရင် သွေးတွင်းသကြားဓါတ်လည်း ပုံမှန်ဖြစ်လာ ပါလိမ့်မယ်။ ထို့ပြင် ၀ခြင်းရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်များတာပာာ ခန္ဒာကိုယ်က အင်ဆူလင်အပေါ်တုံ့ပြန်တာကို လျော့ကျစေလို့ သွေးတွင်းသကြားဓါတ်ကိုများစေပါတယ်။
ဆေးကုထုံးအနေနဲ့ကတော့ Type I မှာတော့ အင်ဆူလင်အဓိကလိုအပ်လို့ အင်ဆူလင်ကိုပဲ ထိုးရပါတယ်။ အင်ဆူလင်ပာာ သောက်ဆေးပုံမျိုးလုပ်လို့မရတဲ့အတွက် သူ့ကိုထိုးဆေး အနေနဲ့ပဲ ရှိပါတယ်။ ခန္ဒာကိုယ်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထိုးရပါတယ်။
Type II မှာတော့ သောက်ဆေးအများအပြားရှိပါတယ်။
နှစ်ပေါင်းများစွာစမ်းသပ်ခဲ့တာမှာတော့ Biguanides နဲ့ Sulphonylureas ပာာ ဆီးချိုကို ကုတာမှာ အဓိက ကုထုံးအနေနဲ့ရှိနေပါတယ်။ အခြားဆေးတွေအနေနဲ့ α-glucosidase inhibitors, the thiazolidinediones and the dipeptidyl peptidase 4 inhibitors တို့ရှိကြပါတယ်။ ဖော်ပြပါဆေးတွေကို ဆီးချိုရောဂါကို ကုတဲ့အခါမှာ တစ်ခုခြင်းသော် လည်းကောင်း နှစ်ခု သုံးခုတွဲပြီးသော်လည်းကောင်း ရောဂါအခြေအနေပေါ်မူတည်ပြီး အသုံးပြုရပါတယ်။
Biguanides
ဒီအမျိုးအစားမှာတော့ Metformin လို့ခေါ်တဲ့အများသိကြတဲ့ ဆီးချိုဆေးပါဝင်ပါတယ်။ Metformin ပာာ အခုအခါမှာ ဆီးချိုရောဂါကိုကုသရာမှာ အဓိကအသုံးပြုကြပါတယ်။ Metformin ကိုဝတဲ့ Type I လူနာတွေမှာ အင်ဆူလင်နဲ့အတူတွဲဖက် အသုံးပြုပါတယ်။ ဒါပေမယ့် ဒီဆေးအမျိုးအစားပာာ Sulphonylureas ထက်စာရင်တော့ ဆိုးကျိုးပိုများပါတယ်။ Metformin ကို Sulphonylureas နဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ Sulphonylureas ထက်စာရင် ၀တဲ့သူတွေမှာပိုပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ အရက်အလွန် အကျွံသောက် သုံးသူတွေမှာ အသုံးပြုရင် Lactic acidosis လို့ခေါ်တဲ့ သေစေနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်နိုင် ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင်တော့ အင်ဆူလင်ကို အစားထိုးအသုံးပြုရပါတယ်။
Sulphonylureas
ဒီဆေးကိုတော့ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နဲ့ ဆီးချိုကို ထိန်းလို့မရတော့တဲ့ မ၀တဲ့ လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ Metformin က အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို တတ်စေတဲ့ ဆေးဖြစ်ပြီး ဒီအမျိုးအစားကတော့ အင်ဆူလင်ပိုထွက်စေတဲ့ဆေးဖြစ်ပါတယ်။ Sulphonylureas ပာာကိုယ်အလေးချိန်ကိုတက်စေပြီး ခန္ဒာကိုယ်ကလည်း အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကျ လာတတ်ပါတယ်။ ကျနော်တို့ဆီမှာ အများဆုံးအသုံးပြုတဲ့ Sulphonylureas ကတော့ Gliclazide, Glemipiride တို့ဖြစ်ကြပါတယ်။
ဆီးချိုပာာ အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုကိုစောစောစီးစီး သိပြီး ကုသမှုခံယူ ထားရင်တော့ အခြေအနေကောင်းပေမယ့် နောက်ကျမှသိရင် တခြားရောဂါတွေနဲ့ပေါင်းပြီး ဆိုးကျိုး တွေများတတ်ပါတယ်။ အဲဒီအတွက် ဆီးချိုမဖြစ်အောင် အနေအထိုင်၊ အစား အသောက် တွေကို ဆင်ခြင်ရပါမယ်။ ဆီးချိုကို သတိအမြဲရှိနေရန်လိုအပ်ပြီး စစ်ဆေး နေသင့်ပါတယ်။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်။
 ***  ဆီးချိုရောဂါ ထိန်းချုပ်ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ခြင်း***
ဆီးချိုရောဂါနှင့် အင်ဆူလင်ဟော်မုန်း ဆက်နွယ်မှုကို ဒီနေရာမှာ အရင်ဖတ်နိုင်ပါသည်။
ဆီးချိုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများ ကာကွယ်ခြင်းသည် သွေးထဲရှိ သကြားဓါတ်ကို အမြဲတမ်း ပုံမှန်ဖြစ်နေစေရန် ထိန်းညှိ ပေးခြင်းက အဓိက ဖြစ်သည်။ ဆီးချို ရောဂါသည် သွေးထဲ သကြားဓါတ် အလွန်အမင်း များခြင်း အပေါ်တွင် အရင်းခံသော်လည်း Diabetes Complication သည် သွေးထဲသကြားဓါတ် အလွန်အမင်း နည်းသည့်အခါတွင်လည်း ဖြစ်သောကြောင့် နှစ်ခုစလုံးကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ရောဂါသည်များ ကောင်းစွာ နားလည်ထားရမည်။ သို့မှသာ ရုတ်တရက်နှင့် နာတာရှည် နောက်ဆက်တွဲ ပြဿနာများ (Acute & Chronic complications) များကို ကောင်းစွာ ကာကွယ်နိုင်မည် ဖြစ်ပြီး ဤသို့ ကာကွယ်ခြင်း သည်ပင် Diabetes Management ဖြစ်သည်။
          ထိန်းချုပ်ခြင်း
ဆီးချိုရောဂါအား ကောင်းစွာ နှိမ်နှင်းရန် ဝေဒနာရှင်သည် ဘ၀ နေထိုင်မှု ပုံစံကို မဖြစ်မနေ ပြောင်းလဲရမည် ဖြစ်ပြီး အာဟာရကို မှန်ကန်စွာ စားသုံခြင်း၊ ကာယ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်းနှင့် ဆေးဝါး အသုံးပြုခြင်းဖြင့် သွေးထဲ သကြားဓါတ်ကို ပုံမှန် ဖြစ်အောင် ကောင်းစွာ ထိန်းချုပ်ရမည်။ သို့သော် Type 1 နှင့် Type 2 သည် ဆဲလ်များ၏ အင်ဆူလင် ဟော်မုန်းအပေါ် တုန့်ပြန်မှု မတူညီခြင်း၊ Type 1 သည် ကိုယ်အလေးချိန် လျှော့သည့် လက္ခဏာရှိပြီး Type 2 တွင် အ၀လွန်သူ အများစု ဖြစ်ခြင်းနှင့် တခြား သွေးတိုး၊ နှလုံး ရောဂါများနှင့်လည်း တွဲနေနိုင်ခြင်း စသည့် အမျိုးအစား နှစ်ခုအကြား မတူ ကွဲပြားသည့် အချက်များ ရှိသောကြောင့် ဆေးဝါးကုသမှု (Medical Treatment) တွင် အနည်းငယ် ကွာခြားပါသည်။
       ကိုယ်အလေးချိန်
ပထမဦးစွာ ဆေးလိပ် သောက်သူဖြစ်ပါက ဆေးလိပ် ဖြတ်ရမည် ဖြစ်ပြီး အ၀လွန်သော Type 2 သမားများသည် ကိုယ်အလေးချိန်ကို လျှော့၍ ပိန်လွန်းသော Type 1 သမားများသည် ကိုယ်အလေးချိန် ပုံမှန် ဖြစ်အောင် လုပ်ရမည်။ လူတယောက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်ကို Body Mass Index (BMI) ဖြင့် တိုင်းတာပြီး BMI 20-25 အထိကို ပုံမှန် ရှိသင့်သော ကိုယ်အလေးချိန်အဖြစ် သတ်မှတ်ထားပါသည်။ တွက်နည်းမှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ် စတုရန်းမီတာဖြင့် စား၍ (kg/m2) ရရှိသော အဖြေဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် 51kg နှင့် အရပ် 155cm=1.55m ရှိသူအတွက် 51/(1.55)2 = 21.2 ဖြစ်ပါသည် (ဒေါက်တာ ငွေဇင်သူတင်တဲ့ BMI တိုင်းကြမယ် ပို့စ်က ပေးထားတဲ့အကွက်မှာ မိမိ ကိုယ်အလေးအချိန်နဲ့ အရပ်ကို အစားသွင်းပြီး အလွယ်တကူ တွက်ချက် နိုင်ပါတယ်) ။ ထို့ကြောင့် အဟာရနှင့် လေ့ကျင့်ခန်းဖြင့် ဆီးချိုရောဂါ သမားများသည် ကိုယ်အလေးအချိန်ကို BMI 20-25 အတွင်း ထိန်းနိုင်လျင် နောက်ဆက်တွဲ ပြဿနာ များကို တစိတ်တဒေသ အားဖြင့် ကာကွယ်ပြီးသား ဖြစ်ပါသည်။ Type 2 Diabetes ကို ပုံမှန် ကိုယ်အလေးချိန် ထိန်းပြီး ရာနှုန်းပြည့် နီးပါး ကာကွယ်နိုင်သည်။
            အာဟာရ
ဆီးချိုရောဂါအတွက် အာဟာရ သီးသန့် သတ်မှတ်ထားခြင်း မရှိ (Diabetes Australia, 2003) ပဲ ဆောင်ရန်၊ ရှောင်ရန် အချက်အနေဖြင့် အဆီလျှော့ စားခြင်း၊ သကြားကို လုံးဝရှောင်ခြင်း၊ တခြား အချိုပါသော အစား အသောက်များနှင့် အသီးနှံများ စားနိုင်သော်လည်း ချင့်ချိန်၍ စားခြင်းတို့ကို အဓိကလိုက်နာရမည် (Dr Carter, 2005)။ ထို့ကြောင့် ယေဘုယျအားခြင့် သာမန် Healthy Diet အဖြစ်သတ်မှတ်ထားသည့် စံအတိုင်း ကာဗွန်ဟိုက်ဒရိတ်ကို အများဆုံးစား၍ တခြား အဟာရများမှ ဟင်းသီးရွက်ကိုများများ၊ နို့ထွက်အစားအစာများနှင့် အသားငါးကိုအသင့်အတင့်၊ အဆီနှင့်ဆားကို နည်းငယ်သာစားခြင်း စသည်တို့ ပါဝင်သည့် Food Pyramid အတိုင်း လိုက်နာနိုင်ပါသည်။ ဆီးချိုရောဂါအတွက် အဟာရနှင့်ပတ်သက်၍ ဒေါက်တာ ၀င်းသိန်း ရေးသားသည့် အသေးစိတ်ကို နောက်တင်မည့် ပို့စ်တွင် ဆက်လက်ဖေါ်ပြပေးပါမည်။
        လေ့ကျင့်ခန်း
ဆီးချိုရောဂါ ဝေဒနာရှင်များအနေဖြင့် မပျော့လွန်း မပြင်းလွန်းသည့် ကာယလေ့ကျင့်ခန်းကို မိနှစ် ၂၀-၄၀ ခန့် တပတ်မှာ အနည်းဆုံး သုံးလေးကြိမ် ပြုလုပ်သင့်ပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အဟာရကို သင့်တင့်စွာ ပုံမှန် စားသောက်ခြင်းသည် အင်ဆူလင်ကို အလုပ်လုပ်အောင် နိုးဆော်ပေးခြင်းဖြစ်၍ Type 2 သမားများအတွက် ဆဲလ်၏ အင်ဆူလင် ခံနိုင်ရည်ရှိမှုကို လျှော့နည်းစေပါသည်။ ထို့အပြင် သွေးထဲသကြားဓါတ်၊ ကော်လက်စထရောလ် ပမာဏနှင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင်လည်း ထိန်းညှိပေးသည်။ လေ့ကျင့်ခန်းသည် ရောဂါအမျိုးအစား နှစ်ခုစလုံး အတွက် နာ့ဗ်ကြောများနှင့် သွေးကြောများကို ပုံမှန်အလုပ်လုပ် စေသဖြင့် ၎င်းတို့ကို ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ထို့ကြောင့် ဆီးချိုကို ဆေးဖြင့်အရင် မကုပဲ အာဟာရနှင့် လေ့ကျင့်ခန်းဖြင့် အရင်ကု၍ နောက်ပိုင်း သွေးထဲသကြားဓါတ်ကို ထိုနှစ်ခုဖြင့် မထိန်းချုပ်နိုင်မှသာ Combination therapy အဖြစ် ဆေးကို တွဲပေးပါသည်။
         ဆေးဝါးများ
ဆီးချိုရောဂါဆေးများမှာ Oral Agent ဟုခေါ်သော သောက်ဆေးများနှင့် အရေပြားအောက် ထိုးပေးရသော အင်ဆူလင် ဟော်မုန်းဆေးများ ပါဝင်ပါသည်။
       သောက်ဆေး
သောက်ဆေး အများစုသည် အင်ဆူလင် ခံနိုင်ရည်ရှိသည့် Type 2 Diabetes အတွက်ဖြစ်ပြီး ထင်ရှားသော သောက်ဆေးများမှာ အလုပ်မလုပ်နိုင်သော ဘီတာဆဲလ်ကို အလုပ်လုပ်အောင် အားပေးသည့် Sulfonylureas and Meglitinides, ဂလူးကို့စ်ကို ဆဲလ်ထဲသို့ ၀င်ရောက်အောင် အင်ဆူလင်၏ စွမ်းရည်အား မြှင့်တင်ပေးသည့် Biguanides, ဆဲလ်ကို အင်ဆူလင်နှင့် သဟဇာတဖြစ်စေရန် အကူအညီပေးသည့် Thiazolidinediones နှင့် ကစီဓါတ်ချေဖျက်မှုကို အားပေးသည့် အင်ဇိုင်းများအား အဟန့်အတားဖြစ်စေသည့် Alpha-glycosidase တို့ ဖြစ်ပါသည်။ အဟာရ၊ လေ့ကျင့်ခန်းနှင့် သောက်ဆေး သုံးမျိုးပေါင်းစပ်၍ ကုသပြီး သွေးထဲ သကြားဓါတ် များခြင်းကို မထိန်းချုပ်နိုင်သော လူနာများအတွက် အင်ဆူလင် ထိုးဆေးပါ တွဲပေးရသည်။
     ထိုးဆေး
အင်ဆူလင်သည် ဆီးချိုရောဂါအတွက် တခုတည်းသော ထိုးဆေးဖြစ်သည်။ အစာအိမ်ထဲရှိ အစာချေရည် အက်ဆစ်ဓာတ်မှ အင်ဆူလင် အာနိသင်ကို ဖျက်ဆီးနိုင်သောကြောင့် အင်ဆူလင်ကို သောက်ဆေးအဖြစ် အသုံးမပြုနိုင်ပဲ ထိုးဆေးအဖြစ်သာ အသုံးပြုပါသည်။ Type 1 Diabetes တွင် ဘီတာဆဲလ်ကို အလုပ်လုပ်စေရန် အကူအညီပေးသည့် သောက်ဆေးများဖြင့် မထိရောက်နိုင်သောကြောင့် အင်ဆူလင် ထိုးဆေးကို စောစီးစွာ ပေးရလေ့ရှိပါသည်။ အင်ဆူလင် ထိုးဆေးအတွက် အင်ဆူလင် ဟော်မုန်းကို ယခင်က ၀က်နှင့် သိုးများမှ အများဆုံးထုတ်ယူ သုံးစွဲခဲ့သည်။
ယခု ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ကျယ်ပြန့်စွာ ထွန်းကားလာပြီး နောက်ပိုင်းတွင် Human Insulin က တခြား အင်ဆူလင်များထက် ပိုမို အင်နိသင် ရှိသည်ကို စမ်းသပ်တွေ့ရှိရပြီး ယခုအချိန်တွင် Human Insulin ကို ပိုမို အသုံးပြု လာနေပါသည်။ Human Insulin ကို လူ့ခန္ဓာကိုယ်မှ တိုက်ရိုက် ထုတ်ယူခြင်းမဟုတ်ပဲ မျိုးရိုးဗီဇ ပြုပြင်ဖန်တီးသည့်ပညာ (Genetic engineering) ဖြင့် လူနှင့် ဘက်တီးရီးယား၏ DNA ကို ဖြတ်တောက် ပေါင်းစပ်ခြင်း ( Recombinant DNA) မှ ဘက်တီးရီးယား Plasmic ဆီမှတဆင့် ထုတ်လုပ်ပါသည်။ အင်ဆူလင်ထိုးဆေးကို လူနာအား အစာမစားမီ ၁၅-၄၅ မိနှစ်အတွင်း ထိုးပေးရပါသည်။ ထိုအခါ အင်ဆူလင် မှ သွေးကြောထဲရှိ ဂလူးကို့စ် မော်လီကျူးများအား ဆဲလ်ထဲရောက်အောင် ပို့ပေးနိုင်ခြင်းဖြင့် သွေးထဲ သကြားဓါတ် များခြင်းမှ ကာကွယ်ပေးသည်။
Complications နောက်ဆက်တွဲ ပြဿနာများ
ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆက်ပွား ရောဂါများကို ရုတ်တရက် (Acute Complication) နှင့် နာတာရှည် (chronic Complication) ဆက်ပွား ရောဂါ ဟူ၍နှစ်မျိုး တွေ့ရနိုင်ပါသည်။ Diabetes Management ကို ကောင်းစွာလိုက်နာခြင်းသည် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းဖြစ်၍ ဆရာဝန် ညွန်ကြားသည့်အတိုင်း မသွေမတိမ်း လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
Acute Complications
သွေးထဲ သကြားဓါတ် အလွန်အမင်းနည်းသွားခြင်းကြောင့် ဖြစ်သော (Severe Hypoglycaemia)၊ သွေးထဲ၌ သကြားဓါတ် အလွန်အမင်းများ၍ သွေးကြောထဲ အညစ်အကြေးများဖြင့် ပြည့်နေသောကြောင့်ဖြစ်သော Diabetic Ketoacidosis နှင့် သွေးထဲသကြားဓါတ် အလွန်အမင်း များနေသည့်အချိန် ကြာသွားသောကြောင့် ဖြစ်သော Hyperosmolar Coma ဟူ၍ ထင်ရှားသည့် Acute Complication ၃ မျိုးရှိပါသည်။
Hypoglycaemia ဖြစ်ပါက လူနာသည် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ငိုကြွေးခြင်း၊ အကြမ်းဖက်ခြင်း စသည့် လက္ခဏာများကိုတွေ့ရပြီး အားအင်ကုန်ခန်း၍ နောက်ဆုံး သတိလစ်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ သတိမလစ်ပါက အချိုရည်တခုခုကို အမြန်ဆုံးတိုက်ပြီး သွေးထဲသကြားဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ လေ့ကျင့်ခန်းမလုပ်မီ သို့မဟုတ် အင်ဆူလင်ထိုးပြီး အစာမစားထားခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းကို ကာကွယ်ရန် ကာဗွန်ဟိုက်ဒရိတ်ကို သတ်မှတ်ထားသည့်အချိန်တွင် မလစ်ဟင်းစေပဲ မှန်မှန်စားရပြီး လေ့ကျင့်ခန်းမလုပ်ခင်နှင့် ကြားကာလ နားချိန်များတွင် စားရန်လည်း ကာဗွန် ဟိုက်ဒရိတ် အစာတခုခုကို အမြဲဆောင်ထားရမည်။
Diabetes Ketoacidosis နှင့် Hyperosmolar Coma သည် ဆင်တူ၍ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ရေဓါတ်ခမ်းခြောက်ခြင်း၊ ခန္ဓာကိုယ်အတွင်း သတ္တုဓါတ် မညီမျှခြင်းနှင့် ကိုယ်အလေးချိန် ချက်ချင်း လျော့ကျသွားခြင်း စသည့် လက္ခဏာများ တွေ့ရနိုင်ပြီး သတိလစ်သေဆုံးသည်အထိ ဖြစ်တတ်သည်။ 7 Complications အားလုံးသည် အသက်အန္တရယ် အထူး စိုးရိမ်ရသည် ဖြစ်၍ အရေးပေါ် ဆေးဝါးကုသမှု ချက်ချင်း လိုအပ်ပြီး ဆေးရုံ ချက်ချင်း တင်ရမည်။
Chronic Complications
မျက်စိပျက်စီးခြင်း (Retinopathy)၊ ကျောက်ကပ် ပျက်စီးခြင်း (Nephropathy)၊ နာ့ဗ်ကြောများကြောင့် ခြေထောက်ပျက်စီးခြင်း (Neuropathy)၊ နှလုံးရောဂါနှင့် လိင်ပိုင်းဆိုင်ရာ အင်အားမရှိခြင်း (Sexual dysfunction) တို့ပါဝင်သည်။
Retinopathy သည် ဆံချည်မျှင် သွေးကြောများပျက်စီး၍ မျက်ကြည်လွှာကို ထိခိုက်ပြီး မျက်စိေ၀၀ါးလာသည်။ု မျက်စိထဲ၌ အတိုင်းအတာတခုထိ ပျက်စီး သွားပြီးမှသာ မျက်စိမှုန် လာသည်ကို သတိထား မိသောကြောင့် မျက်စိပုံမှန် စမ်းသပ်ခြင်း မရှိပါက အသိနောက်ကျပြီး မျက်စိ ကွယ်သည်အထိ ဖြစ်တတ်သည်။ ထို့ကြောင့် အသိ နောက်မကျစေရန် ပုံမှန် မျက်စိ စစ်ဆေးခြင်းကို နှစ်စဉ် ပြုလုပ်ရမည်။
Nephropathy သည် ကျေက်ကပ်မှ အသားဓါတ်နှင့် အဆီပါသောဆီးများကို မကြာခဏစစ် ထုတ်ရသောကြောင့် ကျောက်ကပ် ယိုစိမ့်လာပြီးပုံမှန် အလုပ်မလုပ်နိုင် ဖြစ်သွားသည်။ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ခြင်း ကျောက်ကပ်ကို တနှစ်တကြိမ်စမ်းသပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
Neuropathy သည် အာရုံခံနာ့ဗ် (Sensory) နှင့် အာရုံတုန့်ပြန်သည့် နာ့ဗ် (Motor) များ ပုံမှန် အလုပ်မလုပ် သောကြောင့် ဖြစ်ရသည်။ ခြေလက်များ ထုံကျင်၍ ထိခိုက်နာကျင်မှုနှင့် ရောဂါကူးစက်မှုကို သတိမထား မိခြင်းကြောင့် ခြေထောက် ဖြတ်ရသည် အထိ ဖြစ်ခြင်း၊ မော်တာနာ့ဗ် ပျက်စီး သောကြောင့် ကြွက်သားများ ပျက်စီး၍ ခြေထောက်၏ ပုံသဏ္ဍန်ပြောင်းပြီး သားရေဖုများနှင့် အနာများဖြစ်လာကာ ခြေတဖက်လုံး ကူးစက်ပြီး ဖြတ်ရနိုင်ပါသည်။ ခြေတောက်အား ခြစ်ရာနှင့် အနာများရှိမရှိ နေ့စဉ်ဂရုတစိုက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ကာကွယ်နိုင်သည်။ နှလုံးရောဂါသည် သွေးတိုးနှင့်တွဲဖြစ်၍ နှလုံးသို့သွားသော သွေးကြောထဲတွင် အဆီဖတ်များ ပိတ်ခြင်း၊ သွေထဲကော်လက်စထရောလ် များပြီး သွေးကျောနံရံများတွင် အနည်ထိုင်၍ သွေးကြောများ မာကျောတောင့်တင်းလာခြင်းကြောင့် ဖြစ်သည်။
Sexual Dysfunction သည် ဆီးချိုရောဂါကြောင့် အာရုံကြော အဖွဲ့အစည်း တခုဖြစ်သည့် Sympathetic Nervous System ၏ ထိန်းချိုပ် နိုင်မှုအားနည်းသွားသောကြောင့် လိင်အင်္ဂါများသို့ သွားသော နာ့ဗ်ကြောနှင့် သွေးကြောများကို ထိခိုက်စေပါသည်။ လိင်အင်္ဂါများတွင် အမျိုးသမီးများတွင် အရည်ထွက်နည်းခြင်းနှင့် အမျိုးသားများတွင် လိင်တံတောင့်တင်းမှု အားနည်း၍ လိင်ဆက်ဆံစဉ် သုတ်မထုတ်နိုင်ခင် လိင်တံပျော့ခွေခြင်း များ ဖြစ်တတ်ပါသည်။ အစားအသောက်ကို စနစ်တကျ စားသုံးပြီး လေ့ကျင့်ခန်းပုံမှန် လုပ်ပါက ထိုပြဿနာများကို အနည်းငယ် လျှော့စေနိုင်ပါသည်။
Public Health in Myanmar တွင် တင်ခဲ့သည့် မူရင်းပို့စ် အနည်းငယ် ပြင်ဆင်ပြီး ပြန်လည်တင်ပြခြင်း ဖြစ်သည်။ ဆီးချိုရောဂါ အစားအစာကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဆီးချိုရောဂါ မရှိသူများ အ၀မလွန်အောင် ကြိုးစားပြီး ရောဂါကို ကာကွယ်နိုင်ကြပါစေ။
ရောဂါ ရှိနေပြီးသူများ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင် စားသောက်ပြီး နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ကြပါ​စေ။
***ဆီးချို​သွေးချိုသမားများ စား​သောက်​နည်း***ု
Sunday, March 11, 2012
အမျိုးအစား (၂) ဆီးချို သွေးချို ရောဂါ ရှိသူ များ အတွက် စားသောက် နည်း 
ဆီးချို အမျိုး အစား (၂) ဆီးချို၊ သွေးချို ရောဂါ ရှိသူ တွေ အတွက် သွေးတွင်း သ ကြား ဓာတ်ကို ထိန်းနိုင်အောင် စား သောက်ရာမှာ အထူးသိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
ဆီးချိုသွေးချိုရောဂါလက္ခဏာများ
ခန္ဓာကိုယ်က အင်ဆူလင်ကို အလုံ အလောက် မထုတ်ပေးနိုင်တဲ့ အခြေအ နေကို အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါလို့ သတ်မှတ်ပါတယ်။ သွေးတွင်း သကြားဓာတ်က မြင့်တက်နေပြီး နုံးတာ၊ အမြင်ဝေ၀ါးတာ၊ အစာစားချင်စိတ် များ တာ၊ ရေငတ်တာ၊ ဆီးမကြာခဏ သွား တာတွေလို လက္ခဏာတွေ ဖြစ်တတ်ပါ တယ်။
ဆီးချိုသွေးချိုရောဂါနှင့် သကြားဓာတ်
သကြားဟာ ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် အန္တရာယ်ပါပဲ။ သွေး တွင်းသကြားဓာတ်ကို ခပ်မြန်မြန်မြင့် တက်စေတာကြောင့်ပါ။ ဆီးချိုရောဂါရှိ သူတွေဟာ အခွံချွတ်ထားတဲ့ သကြားဖြူ နဲ့ တခြားကာဗိုဟိုက်ဒရိတ်အစာတွေမ စားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါရှိသူ တစ်ဦးက သွေးတွင်းသကြားဓာတ်လျော့ ကျနေချိန်မှာ သကြားလုံးတစ်လုံး ဒါမှမ ဟုတ် ပျားရည်တစ်ဇွန်းလောက် သောက် လိုက်ရုံနဲ့ သွေးတွင်း ဂလူးကစို့ အ် ဆငြ့်မင့် တက်လာနိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါနှင့် အဆီဓာတ်
ဆိုဒီယမ်၊ ပြည့်ဝဆီ၊ ကိုလက်စထ ရောနဲ့ ထရန့်စ်ဖက်စ်(Trans Fats) ပါဝင် တဲ့ အစားအသောက်တွေက ဆီးချိုသွေး ချိုရောဂါရှိသူတွေအတွက် နှလုံးရောဂါ နဲ့ လေဖြတ်တာကို ဖြစ်နိုင်ခြေ မြင့်တက် စေနိုင်ပါတယ်။ အဆီတွေ အားလုံးကို တော့ မရှောင်ပါနဲ့။ မပြည့်ဝဆီတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ကို လျော့ကျစေပါတယ်။
စားသင့်ေ့သော အစာများ - ဆယ်လ်မွန် ငါး၊ မက်ကရယ်ငါးလို ရေအေးငါးတွေ၊ သံလွင်ဆီ၊ ထောပတ်သီးနဲ့ အခွံမာသီး။ (သင်စားတဲ့ ထမင်းပန်းကန်ထဲကို အသား အစား အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင် တဲ့ ငါးကို ထည့်စားပေးပါ။)
ရှောင်သင့်သော အစာများ - အနီ ရောင်အသား၊ ဝက်ပေါင်ခြောက်၊ ပြုပြင် ထားတဲ့ အစာတွေနဲ့ အဆီပါဝင်မှုများ တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း။
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ
သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် တွေက ဆီးချိုရောဂါရှိသူတွေ စားသင့် တဲ့ အစာတွေပါ။
စားသင့်သော အစာများ - အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာ သီး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲ အမျိုးမျိုး၊ အဆီနည်း နို့နဲ့ နို့ထွက်ပစ္စည်း၊ စတော်ဘယ်ရီသီး၊ သစ်တော်သီး၊ ဂရိတ် ဖရုသီးတို့လို အချိုဓာတ်နည်းပါးတဲ့ သစ် သီးတွေ။
ရှောင်သင့်သော အစာများ - ဖရဲသီး၊ နာနတ်သီး၊ စပျစ်သီး၊ စပျစ်သီးခြောက်၊ လိမ္မော်သီးတို့လို သကြားဓာတ်ပါဝင်မှု မြင့်မားတဲ့ သစ်သီးတွေ။
ကစီဓာတ်
ကစီဓာတ်ပါတဲ့ အစာတွေက ခန္ဓာ ကိုယ်ကနေ သွေးတွင်းဂလူးကို့စ်အဖြစ် ပြောင်းလဲတဲ့ နောက်အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကစီဓာတ်က စွမ်းအင်အ ရင်းအမြစ်ကို ရရှိစေရုံသာမက ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာကရတဲ့ ကစီဓာတ်ဟာ ကျန်း မာရေးနဲ့ အညီညွတ်ဆုံးဖြစ်ပါတယ်။ အ ကြောင်းကတော့ ကစီဓာတ်ဟာ အာဟာ ရဓာတ်ရရှိစေပြီး သွေးထဲကို ခပ်နှေးနှေးနဲ့ ရောက်ရှိသွားတတ်လို့ပါ။
စားသင့်သော အစာများ -ဆန်လုံးညို အညိုရောင် ခေါက်ဆွဲ၊ အညိုရောင် ပေါင်မုန့်၊ ခရက်ကာမုန့်နဲ့ ကွေကာ။
ရှောင်သင့်သော အစာများ - အာလူး ချောင်းကြော်၊ အဆင်သင့်သရေစာတွေ နဲ့ သကြားပါတဲ့ မုန့်ချောင်း။
စားသင့်သော အချိန်
ဆီးချိုရောဂါရှိသူတွေက တစ်နေ့ လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်ကြိမ်တည်းနဲ့ အများကြီး စားလိုက်ရင် သွေးတွင်း သ ကြားဓာတ်ကို မလိုအပ်ဘဲ မြင့်တက်စေ နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ် နေတဲ့ အချိန်အတောအတွင်းမှာလည်း ခန္ဓာကိုယ်က သကြားဓာတ်နဲ့ ကာဗိုဟိုက် ဒရိတ်တွေ ပိုလိုအပ်နေတာကြောင့် လေ့ ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ အစာ စားပေးဖို့ လိုပါတယ်။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အရပ်အမောင်း၊ လေ့ကျင့်ခန်းနဲ့ တခြား အချက်တွေကလည်း သင်စားတဲ့ အစား အသောက်ကို ချိန်ဆသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင် ပင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်း ချုပ်နိုင်အောင် စားသောက်သင့်ပါတယ်။
ကိုယ်အလေးချိန် လျှော့ချပါ
ကိုယ်အလေးချိန်မြင့်တက်နေရင် အနည်းငယ်လျော့ကျအောင် လျှော့ချ နိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ်လေးစား မှုကို တိုးစေနိုင်ပါတယ်။ ဒါ့အပြင် သွေး တွင်းသကြားဓာတ်နဲ့ ကိုလက်စထရော အဆင့်ကိုလည်း လျော့ကျစေကာ သွေးဖိ အားကို ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်း မာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေစားတာက ကိုယ်အလေးချိန်ကို လျော့ ကျစေရုံသာမက သွေးတွင်း သကြား ဓာတ်ကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါတက္ကသိုလ်)
Medical Writings ဆေးပညာစာများ
မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်
Wednesday, October 30, 2013
Diabetes ဆီးချို
ဆီးချိုကို Diabetes mellitus လို့ခေါ်တယ်။ တချို့တွေက ဆီးချို ခေါ်၊ သွေးချိုခေါ်နဲ့ အတူတူကို နှစ်မျိုး ထင်ကြနေကြတယ်။ တကယ်က ၃ မျိုးရှိတာပါ။
၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။
၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ အများဆုံးဖြစ်တယ်။
၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။
(၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီး ကောင်းသွားတာ များတယ်။ နောက်မှာ အမျိုးအစား (၂) ဖြစ်သွားတတ်တာလဲ ရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ Steroid ဆေးကြောင့်ဖြစ်တာ၊ စသဖြင့် ရှိသေးတယ်။
ဆီးချိုကို မကုဘဲထားရင် သကြားဓါတ် နည်းလွန်းသွားတာ နဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တာတွေပါ။ ရေရှည် ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။ ဆီးချိုကိုကုတာမှာ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။ ကုသရတာ ရေရှည်ပါ။ သွေးထဲက အချိုဓါတ်ကို ပုံမှန်မှာ ရှိနေအောင် လုပ်ပေးနေရတာ ဖြစ်ပါတယ်။
အစားအသောက်ထိန်းတာနဲ့ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေးနဲ့ လိုသေးရင်တော့ ထိုးဆေး ပေးရတယ်။ တချိန်တည်းမှာ လူနာကို ဆီးချိုအကြောင်း သိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ နေထိုင်မှုဘဝကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။
ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု(၃)မျိုး -
(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။
• ပင်မအစားအစာတွေမှာ ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။
• သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊
• ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊
• သစ်သီး အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊
• နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊
• သကြား အမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊
• အချိုရည် အမျိုးမျိုး အစဉ်လိုက်ဆိုရင် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်၊
ဆေးတွေ -
• Insulin, Sulfonylurea injection and Suspension ဆီးချိုအတွက်ဆေး၊ ဘေးထွက်ဆိုးကျိုး = ဆေးထိုးသည့် နေရာ နီ-ရောင်-ယား၊ ကိုယ်ရောင်၊ အလာဂျီရ၊
• Metformin ဆီးချိုထိန်းဆေး၊ 500 mg တနေ့ ၂ ကြိမ်၊ လူကြီး 2550 mg ထက်မကျော်စေရ၊ ကလေး 2000 mg ထက်မကျော်စေရ၊
• Sulfonylureas ဆီးချိုစားဆေး၊
- ပဌမမျိုးတက် Orinase (tolbutamide) = 500 - 3000 mg; Tolinase (tolazamide) = 100 - 1000 mg; Diabinese (chlorpropamide) = 100 - 500 mg
- ဒုတိယမျိုးတက် Glucotrol (glipizide) 2.5 - 40 mg; Glucotrol XL (ext. rel. glipizide) 2.5 - 20 mg; Micronase, Diabeta (glyburide) 1.25 - 2.0 mg; Glynase (micronized gly.) 3 - 12 mg
- တတိယမျိုးဆက် Amaryl (glimepiride) 1 - 8 mg d. ဘေးထွက်ဆိုးကျိုး = သကြားဓါတ်နဲခြင်း၊ အစာမကျေခြင်း၊ ပျို့၊ ရင်ပူ၊ သွေးအားနဲ၊ ဝလာ၊
• Alpha-Glucosidase inhibitors (Acarbose, Miglitol, Voglibose) ဆီးချိုစားဆေး၊
• Dipeptidyl peptidase-4 inhibitors (DPP-4) ဆီးချိုစားဆေး၊
• Glibenclamide, Glimepiride = ဆီးချိုအတွက်ဆေး။
ဒီဆေးတွေနဲ့ မသင့်ပါ။
• Furosemide or Frusemide (Lasix) ဆီးသွားစေသည့်ဆေး ဆီးချိုးရှိသူတို့အား မပေးရ၊
• Estrogen and Progestogen ဟော်မုန်း နှစ်မျိုး ပါဝင်သည့် ကိုယ်ဝန်တားစားဆေး၊ ဆီးချိုရောဂါ ရှိနေလျင် မသုံးသင့်။
• Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေး၊ ဆီးချိုရောဂါ ရှိလျင် မသုံးသင့်။
• Dexamethasone (စတီရွိုက်)၊ ထိုးဆေး၊ စားဆေးကနေ ဘေးထွက် ဆိုးကျိုး ဆီးချိုဖြစ်နိုင်သည်။
သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ
(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ။
အစာစားပြီးစစ်ခြင်း (၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။
(၂) ဆီးချိုအစအပိုင်း
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl
အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl
(၃) ဆီးချိုဖြစ်နေပြီ
ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။
အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။
(၁) ပုံမှန်
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။
အစာစားပြီးစစ်ခြင်း (၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။
(၂) ဆီးချိုအမျိုးအစား (၂)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။
အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။
(၃) ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။
(၄) ကလေး ဆီးချို အမျိုးအစား (၁)
ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L
အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။
- Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html
"အစားတွေ တတ်နိုင်သမျှ ရှောင်ပါလေ။ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။"
Dr. တင့်ဆွေ
Metformin ဆီးချိုစားဆေး ဘယ်လိုပေးကြလဲ
အများဆုံးဖြစ်တဲ့ Type 2 Diabetes ဆီးချို အမျိုးအစား (၂) အတွက် Metformin ဆေးကို
• အသက် 10 to 16 500 mg တနေ့ ၂ ကြိမ်၊ တနေ့ 2000 mg အကြိမ်ခွဲပေးတာ အများဆုံး၊
• အသက် 17 နှင့်အထက် 500 mg တနေ့ ၂ ကြိမ်၊ (သို့) 850 mg တတေ့ ၁ ကြိမ်၊ တနေ့ 2550 mg အကြိမ်ခွဲပေးတာ အများဆုံး။
• Metformin + Insulin 500 mg တနေ့ ၁ ကြိမ်၊ တနေ့ 2500 mg အများဆုံး၊ metformin ER ဆိုရင် တနေ့ 2000 mg အများဆုံး၊
• တချို့အထူးကုဆရာဝန်တွေကတော့ သတ်မှတ်ချက်မထားဘူး။ လူကြီးအတွက် 2550 mg ကို အများဆုံး၊ ကလေး (၁ဝ-၁၆) အတွက် 2000 mg အကြိမ်ခွဲပေးလို့ သတ်မှတ်တာလဲရှိတယ်။
• 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 850 mg တနေ့ ၁ ကြိမ်နဲ့ စပေးတယ်။ တပါတ်မှာ တခါ 500 mg ဒါမှမဟုတ် ၂ ပါတ်မှာ 850 mg တိုးပေးပြီး၊ အများဆုံး 2000 mg အကြိမ်ခွဲပေးတာလဲရှိတယ်။
• ၂ ပါတ်နေရင် 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 850 mg တနေ့ ၂ ကြိမ်နဲ့ ပေးတာလဲရှိတယ်။ ဒီနည်းမှာ တနေ့ အများဆုံး 2550 mg အကြိမ်ခွဲပေးစေတယ်။
• ကလေးတွေကို 500 mg တနေ့ ၂ ကြိမ်စပေးပြီး၊ တပါတ်မှာ 500 mg တိုးပေးပြီး၊ အများဆုံး 2000 mg အကြိမ်ခွဲပေးတယ်။
ဒေါက်တာတင့်ဆွေ
Dr. Tint Swe at 1:04 PM
ကျန်းမာစေချင်သူ
Dr. Tint Swe
New Delhi, India
ဒေါက်တာတင့်ဆွေ
MBBS (Mandalay)
Sama 4272
       *ဆီးချို သွေးချိုနှင့် ပတ်သက်သော အယူအဆ အမှားများ*
ဆီးချို သွေးချို ဖြစ်တယ် ဆိုရင် တင်းကျပ် လှသော စည်းမျဉ်း စည်းကမ်း တွေလိုက်နာ ရတော့မှာ။ အဲဒီလို လိုက်နာရမည့် စည်းကမ်း တွေလည်း အများကြီး ရှိတယ်ဆိုပြီး ပြောကြတာ လည်း မှန်ကန် တယ်လို့ မဆိုနိုင်
ပါဘူး။ ကိုယ့်မှာ ဆီးချို သွေးချို ရှိပြီ ဆိုရင် တော့ မိမိ စားသောက် ရမည့် အစား အစာ များကို စီမံချက် ချဖို့တော့ လိုပါသည်။ ဒါပေမယ့် အခြေခ စည်းကမ်း ကတော့ ရိုးရိုးလေး ပါပဲ။
ဒီနေရာမှာ ဆီးချို အစားအစာ (Diabetics Diet) ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းနဲ့ ပတ်သက် လို့လည်း ရှင်းပြ ချင်ပါ သည်။ တကယ် တော့ ဆီးချို သွေးချို သမား များစား ရမယ့် အစား အစာ စာရင်း ရယ်လို့ သီးသန့် သတ် မှတ်ထားတာ မျိုး မရှိပါဘူး။ ဆိုလိုရင်းက ဆီးချို သွေးချို သမားများ စားတဲ့ အစား အစာဟာ အဲဒီလူရဲ့ နေ့စဉ် လှုပ်ရှားမှု များနဲ့ လိုက်လျော ညီထွေဖြစ် အောင် ရွေးချယ် စားသောက်ခြင်း သာဖြစ်ပြီး သွေးတွင်း သကြားဓာတ် ပမာဏ (Blood Sugar) ကိုလည်း အတတ် နိုင်ဆုံး ပုံမှန်ရှိရမည့် ပမာဏနှင့် အနီး စပ်ဆုံး တူညီစေရန် သောက်နေ ရသော ဆီးချိုသွေးချိုထိန်းဆေး များနှင့်အတူ လိုက်လျော ညီထွေရှိရန် ဖြစ်ပါသည်။ ဆီးချို သွေးချို လူနာတစ်ဦး အနေဖြင့် မိမိယခု စားသုံး နေသော အစားအစာ များကို ပြောင်းလဲရန် လိုအပ်ပါ သလားဟု မေးခဲ့လျှင် လိုအပ်နိုင် ပါသည်။ သို့သော် လူအများ ထင်ထား ကြသလို အများကြီး ပြောင်း လဲရန် လည်း မလိုပါ။ ဥပမာ သကြား အချိုလွန်ကဲ စွာ ပါဝင်သော စားစရာများကို ရှောင်ကြဉ်ပြီး အသင့်အတင့် ချိုသော စားစရာ များကို အသင့်အတင့် စားနိုင် ပါသည်။
စားစရာ တစ်ခုကို လုံးဝ မစားရတော့ ဟူ၍ မရှိပါ။ ကစီဓာတ် ပါဝင်သော စားစရာ များသည် ဆီးချို သွေးချို လူနာများ အတွက် အန္တရာယ် ဖြစ်စေသည် ဟူ၍ တစ်ထစ်ချ မှတ်ယူ ထားခြင်းသည် လည်း မမှန်ပါ။ ကစီဓာတ် များက ကျန်းမာ ရေးနှင့် ညီညွတ် သော ဆီးချို သွေးချို အစားအစာ အတွက် အခြေခံ အဖြစ် ပါဝင်နေသော စားစရာများ ဖြစ်ပါသည်။ ကစီ ဓာတ်များက သွေးတွင်း သကြားဓာတ် ပမာဏအပေါ် ကြီးမား သော အကျိုး သက်ရောက်မှုရှိသည့် အတွက် ကစီဓာတ်ကို ဘယ်လောက် များများ စားရမလဲ ဆိုသည့် အချက် ကသာ အရေးကြီး ပါသည်။ ကစီဓာတ်ပါသော စားစရာ များ၊ ဥပမာ ဆန်၊ ဂျုံစသည်တို့ထဲ တွင် များစွာသော မရှိမဖြစ် အာဟာ ရဓာတ်များဖြစ်သည့် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမျှင် ဓာတ်များပါဝင် နေပါသည်။ ထို့ကြောင့်မည်သည့် ကစီ ဓာတ်ပါသော စားစရာရွေးချယ် သင့်သလဲဆိုရင် အာဟာရဓာတ် အများဆုံး ပါသော ကစီဓာတ် ဖြစ်သည့် ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့် Whole Grain Breads ၊ အမျှင်ဓာတ် များများပါသည့် သစ်သီး ဝလံများနှင့် ဟင်းသီး ဟင်းရွက်များ ဖြစ်ပါသည်။ သူတို့နိုင်ငံတွေ မှာတော့ အာဟာရ ကျွမ်းကျင်သူ Dietitan နှင့် ဆွေးနွေး နိုင်ပါသည်။
ယေဘုယျအား ဖြင့် မချိုလွန်းသော သစ်သီးများ၊ ဘူးသီး၊ ခရမ်းသီး၊ ပဲရွက်၊ ကန်စွန်း ရွက်၊ ဘူးရွက် စသည့် ဟင်းသီးဟင်းရွက် များ ဖြစ်ပါသည်။ နောက် အမှား တစ်ခုမှာ ဆီးချို သွေးချိုသမား တစ်ယောက်အနေဖြင့် မိမိ စားမိသော အစားအစာများကို လိုက်၍ ဆီးချိုသွေးချို ထိန်းဆေးများ၏ ပမာဏကို ညှိ၍ Adjust အပြောင်း အလဲ လုပ်နိုင်သည် ဆိုသော အချက် မှာလည်း မှားယွင်းသော အယူအဆ တစ်ခုဖြစ်ပါသည်။
အကယ်၍ အင်ဆူလင် သုံးစွဲနေ ရသူဖြစ်ပါက မိမိစားလိုသည့် အစား အစာ အမျိုးအစားနှင့် ပမာဏကို မိမိထိုးမည့် အင်ဆူလင် အမျိုးအစား နှင့် ပမာဏတို့ ကိုက်ညီမှုရှိရန် လေ့ လာ သင်ယူနိုင် ပါသည်။ သို့သော် ထိုကဲ့သို့ ဆိုလိုက်ခြင်း အားဖြင့် မိမိ စားချင် သလောက် စားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထို့ပြင် သွေးတွင်း သကြားဓာတ် ပမာဏတည်ငြိမ်ရန် ဆီးချိုသွေးချို ထိန်းဆေးတွေပိုပြီး သောက်လိုက်မယ် ဟူ၍လည်း မှတ် ယူရန် မဟုတ်ပါ။ ဆရာဝန်၏ ညွှန်ကြားချက် မရှိဘဲ ဆီးချို သွေးချို ထိန်းဆေး များ၏ ပမာဏကို မိမိစားသော ကစီဓာတ် ပမာဏနှင့် မိမိဘာသာ ညှိယူရန် မကြိုးစားပါနှင့်။ အများစုသော ဆီးချို သွေးချို ထိန်းဆေး များသည် မိမိအား ကုသ နေသော ဆရာဝန်၏ ညွှန်ကြား ချက်အောက် တွင် အမြဲတမ်း ရှိနေမှသာ အကောင်းဆုံး သော အကျိုး အာနိသင် ရရှိနိုင်မှာ ဖြစ်ပါသည်။
ဆီးချို သွေးချို ဖြစ်လျှင် မိမိကြိုက် နှစ်သက် သော အစားအစာ များကို တစ်သက်လုံး စွန့်လွှတ် လိုက်ရန် လိုအပ်သည် ဟူသော အချက်မှာ လည်း အယူအဆ အမှား တစ်ခုဖြစ်ပါ သည်။ ဆီးချို သွေးချိုရောဂါ ဖြစ်တယ် ဆိုတာနဲ့ မိမိကြိုက် နှစ်သက် သော စားစရာ များကို တစ်သက်လုံး စွန့် ပစ်ရန် အ ကြောင်းပြချက် မရှိပါ။ သို့ သော် ဘာတွေ လုပ်ရမလဲဆို လျှင်-
(က) မိမိ ကြိုက်နှစ်သက် သည့် အစား အစာများအား ပြင်ဆင်ပုံနည်း လမ်း ပြောင်း လဲရန် လိုအပ်နိုင်ပါသည်။
(ခ) သင်ကြိုက် နှစ်သက် သည့် အစားအစာ နှင့်အတူ သင်စားလေ့ရှိ သော စားစရာများ ကို ပြောင်းလဲရန် လိုအပ်ပါသည်။
(ဂ) သင်ကြိုက် နှစ်သက်သော စားစရာများ ၏ တစ်ခါစား ပမာဏကို လျှော့ချရန် လိုအပ်ပါသည်။ ယခင် တုန်းကလို ကိုယ်ကြိုက်တဲ့ စားစရာ ဆိုလျှင် တဝကြီး စားပစ် လိုက်မယ်၊ အပြတ် တီးလိုက်မယ် ဟူသော စိတ် ထားမျိုးမထားရပါ။
(ဃ) သင်၏ စားသောက်မှု ပုံစံကို လိုက်နာရန် အတွက် မိမိအကြိုက်ဆုံး စားစရာ များကို ဆုလာဘ် အဖြစ် ထည့်သွင်း အသုံးချပါ။
ဆိုလိုတာ ကတော့ ဥပမာ ချောကလက် ကြိုက် တယ်ဆိုရင် ကိုယ်စားမယ့် တစ်နေ့ တာ အစားအစာ စာရင်းထဲမှာ သင့် လျော်တဲ့ ပမာဏရှိတဲ့ ချောကလက် ကို ထည့်သွင်း ရေးဆွဲထားခြင်း အားဖြင့် မိမိ ကိုယ် ကိုမိမိ ဆုချ လိုက်ခြင်း ဖြစ်ပါ သည်။


Circuits





Saturday, July 2, 2016

Two type of Flame Licker Engine


ဆိတ်စွပ်ပြုတ် ( Mutton Legs Soup with Spices)
********************************
-
credit - ဟင်းချက်နည်းများ.
-

ဒူးဆစ်အောက်ပိုင်းဆိတ်ခြေထောက်.............၃ ချောင်း
ကြက်သွန်နီကြီးကြီး..................................၁ လုံး
ကြက်သွန်ဖြူ...........................................၄ တက်
ချင်းသေးသေး.........................................၁ တက်
ခရမ်းချဉ်သီး............................................၁လုံး
ဇီယာစေ့................................................၁/၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
နံနံစေ့...................................................၁/၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
စမုံစပါးစေ့..............................................၁/၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
လေးညှင်းပွင့်..........................................၃ ပွင့်
ဖာလာစေ့...............................................၂ စေ့
သစ်ကြပိုးခေါက်...................................... ၁ခု( ၂လက်မအရွယ် )
ကရဝေးရွက်..........................................၂ ရွက်
ရေ......................................................၁ လီတာ

ဆိတ်ခြေထောက်တွေကို မီးအနည်းငယ်ကင်ပြီး..ဓါးလေးနဲ.ခြစ်ထုတ်ပြီး
သန်.စင်အောင်ဆေးကာ ၂ ပိုင်းစီပိုင်းပါ။ (ရိုးတွင်းချဉ်ဆီများမဆုံးရှုံးရန်
ဂရုပြုပါ)

ကြက်သွန်နီ၊ ဖြူ ၊ ခရမ်းချဉ်သီးတွေကို နုပ်နုပ်စဉ်းပါ။

စမုံစပါးစေ့ ၊ နံနံစေ့ ၊ ဇီယာစေ့တွေကို လှော်ပြီးညှက်နေအောင်ထောင်းပါ။

လေးညှင်း၊ ဖာလာ၊ သစ်ကြပိုးတွေကို မီးကင်ပြီးဓါးပြားရိုက်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး..ကြက်သွန်နီ၊ ဖြူကို နနွင်း
မှုန်.လေးပါသည်ဆိုရုံနှင့်ဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်ခရမ်းချဉ်သီးများထည့်ပေါင်းပြီး..ညှက်နေအောင်
ထောင်းထားသော ၃ မျိုးအရောကို ထည့်ပေါင်းဆီသတ်ပါ။

မီးကင်ပြီးဓါးပြားရိုက်ထားတဲ့ ၃ မျိုးကိုလည်းထည့်ပါ။ ဆား၊ ပာင်းခတ်မှုန်.တို.နှင့်အရသာသွင်းပါ။

ကရဝေးရွက်၊ ချင်းကိုပါးပါးလှီးထည့်ကာ ရေ၁လီတာဖြည့်စွက်ပြီး..ပထမတစ်ပွက်မဆူခင်အထိမီးပြင်းပြင်းနဲ.ပြုတ်ပါ။

အညစ်အကြေးနှင့်အမြှုပ်များကိုစစ်ထုတ်ပေးပြီးလျှင်..မီးကိုလျှော့ချပြီး
မီးအေးအေးမှာ အဖုံးပိတ်ပြီး..မိနစ် (၃၀) မှ (၄၅) မိနစ်အထိနှပ်ချက်ပေးပါ

ကြက်သွန်နီကြော်လေးနဲ.နံနံပင်လေးဖြူး၊ ငရုတ်ကောင်းမှုန်.လေးခပ်ပြီးသုံးဆောင်ပါ။

နံပြားဖြင့်တွဲဖက်လျှင်အကောင်းမွန်ဆုံးဖြစ်ပါမည်။

credit - ဟင်းချက်နည်းများ.